"Empowering Resilient SMEs: Lessons From Industry Leaders (Volume-2)" , 10 August | Event in Yangon

"Empowering Resilient SMEs: Lessons From Industry Leaders (Volume-2)"

DIKA Consult

Highlights

Sun, 10 Aug, 2025 at 09:00 am

4 hours

UMFCCI-Union of Myanmar Federation of Chambers of Commerce and Industry

Advertisement

Date & Location

Sun, 10 Aug, 2025 at 09:00 am to 01:00 pm (MMT)

UMFCCI-Union of Myanmar Federation of Chambers of Commerce and Industry

No.29, Min Ye Kyaw Zwar Road, Lanmadaw Tsp, Yangon, Burma

Save location for easier access

Only get lost while having fun, not on the road!

About the event

"Empowering Resilient SMEs: Lessons From Industry Leaders (Volume-2)"
"Empowering Resilient SMEs: Lessons From Industry Leaders" Event ကြီးကို အောင်မြင်စွာ ကျင်းပနိင်ခဲ့ပြီးနောက် နောက်ထပ် ဒုတိယအကြိမ်မြောက်အဖြစ် "Empowering Resilient SMEs: Lessons From Industry Leaders (Volume-2)" Event ကြီးကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်နေ့တွင် DIKA Group မှ စီစဉ်ကျင်းပသွားအုံးမှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးရင်း ပါဝင်အားဖြည့် ဆွေးနွေးပေးသွားမယ့် Panelist များကို ဖော်ပြလိုက်ရပါတယ်။🔔
(1) Sai Lu Sharr - Founder of Meggarative Marketing Group (Panelist)
📌ကိုစိုင်းလူရှားသည် မားကတ်တင်းကိုကျွမ်းကျင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လို့ Marketpreneur လို့ ခေါ်လို့ရပါတယ်…။ Brand တစ်ခုကို လူတွေသိအောင်လုပ်ရတာထက် လူတွေကိုလွှမ်းမိုးတဲ့ Brand တွေအဖြစ်အသက်သွင်းရတာကို အသွေးထဲအသားထဲကကို ၀ါသနာပါသူဖြစ်ပါတယ်။
Meggarative Marketing Group ရဲ့ တည်ထောင်သူဖြစ်ပြီး၊ လုပ်ငန်းတွေကို
ပိုပြီးကြီးမားအောင် နည်းဗျူဟာတွေ၊ ဖန်တီးမှုတွေနဲ့ စျေးကွက်ကို လွှမ်းမိုးနိုင်အောင် ကူညီ ပေးနေသူတစ်ယောက်လဲ ဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်း၊ ဒီဂျစ်တယ်မားကတ်တင်းနှင့် စီးပွားရေး နယ်ပယ်တွေမှာ ၁၆ နှစ်ကျော်အတွေ့အကြုံ ရှိပြီး အေဂျင်စီ၊ Clients နဲ့ လုပ်ငန်းပိုင်ရှင် ဘက်သုံးဘက်စလုံးမှာ လုပ်ခဲ့ဖူးသူဖြစ်လို့ ဘက်ပေါင်းစုံကနေ တွေးခေါ်ပေးနိုင်သူတစ်ဦးလဲဖြစ်ပါတယ်။ ကျောင်းသား ၁,၀၀၀ ကျော် ကို သင်ကြားပေးခဲ့ဖူးပြီး လုပ်ငန်းငယ်တွေကနေ ကော်ပိုရိတ်ကြီး (၁၀၀)ကျော်အထိ အကြံပေးအဖြစ် လုပ်ကိုင်ပေးခဲ့သူတစ်ယောက်လဲ ဖြစ်ပါတယ်။
(2) Thet Oo Shwe - Founder of Coffee Date & Date Bakery (Panelist)
📌ကိုသက်ဦးရွှေသည် ၂၀၁၂ ခုနှစ်တွင် ပဲနို့အချိုရည်လုပ်ငန်းကိုလည်းကောင်း၊ ၂၀၁၄တွင် YKKO company တွင် ဝန်ထမ်းအဖြစ်လည်းကောင်း၊ ၂၀၁၅တွင် ဟိုတယ်လုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများစသော ကိုယ်ပိုင်လုပ်ငန်း (၅)ခု ခန့်လုပ်ကိုင်ခဲ့ဖူးပီး၊ ၂၀၁၇ခုနှစ်တွင် Blue Ocean Operation Management Company တွင် ဝန်ထမ်းအဖြစ် Business Associate ရာထူးမှ CEO အထိ ၅နှစ်ခန့် အဆင့်ဆင့်ပ ညာသင်ယူကာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
၂၀၂၂ခုနှစ် မှစပြီး ယခုအချိန်အထိ COFFEE DATE ကော်ဖီဆိုင်လုပ်ငန်းဖြင့် ဆိုင်ခွဲပေါင်း (၇) ဆိုင်နှင့် အတူ DATE Bakery ကိတ်ထုတ်လုပ်ရေးလုပ်ငန်းတို့ကို Founder အဖြစ် ဦးဆောင်ကာလုပ်ကိုင်ဆောင်ရွက်နေပါတယ်။
(3) Myo Mya Swe Tun @ MICHAEL- Chairman of Dika Group (Panelist)
📌ဦးမျိုးမြဆွေထွန်း @Michael သည် 2012 ခုနှစ်တွင် ဘဏ္ဍာရေးအတိုင်ပင်ခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတိုင်ပင်ခံ အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အကြံပေးအဖွဲ့အစည်းဖြစ်သည့် DIKA Group ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျှက်ရှိသူဖြစ်ပါတယ်။ 2014 ခုနှစ်တွင် Blink PR and Communication ၏ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်ခဲ့ပြီး လက်ရှိတွင် Level Up Marketing Group (LUMG) တွင် Group CFO အဖြစ် Net Com Group, O&T Group တို့ တွင် Finance and Control Director အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးရေး၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍ များရှိ ဈေးကွက် ၏ ထိပ်တန်း ကုမ္ပဏီ များတွင်လည်း လုပ်ငန်း နှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံပေး အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်
ဦးမျိုးမြဆွေထွန်း သည် မြန်မာနိုင်ငံ၏ SMEs လုပ်ငန်း များတိုးတက်ရေး အတွက် တစ်စိုက်မတ်မတ် ကြိုးပမ်း အကောင်ထည်ဖော်ခဲ့သူဖြစ်ပြီး လုပ်ငန်းငယ်များနှင့် ထွန်းသစ်စ လုပ်ငန်းများစွာ အတွက် လိုအပ်သည့် ရင်းနှီးမြုပ်နှံမှုများရရှိစေရန်အတွက် ရင်းနှီးမြုပ်နှံမှု နှင့် ဘဏ္ဍာရေးဆိုင်ရာ အတိုင်ပင်ခံပညာရှင်တစ်ဦးအဖြစ်လည်းကောင်း၊ Mentor အဖြစ် လည်းကောင်း ရင်းနှီးမြုပ်နှံသူအဖြစ်လည်းကောင်း ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။
(4) Zayar Minn Oo - Founder and Consultant - အက္ခရာ@AHKHARA SOLUTION (Panelist)
📌ဦးဇေယျာမင်းဦးးသည် AHKHARA SOLUTION ၏ တည်ထောင်သူနှင့် အတိုင်ပင်ခံတစ်ဦးဖြစ်ပါတယ်။၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ Heavy Machinery စက်ရုံကြီးများတွင် Production Engineer, Vocational Institute များတွင် Vice Principal, Principal အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှ စတင်ပြီး စီမံခန့်ခွဲမှုဆိုင်ရာကျောင်းများတွင် Freelance Trainer အဖြစ် သင်ကြားမျှဝေခဲ့ပြီး၊ AHKHARA SOLUTION အမည်ဖြင့် HR, Admin, Warehousing, Kaizen 5Sနှင့် စီမံခန့်ခွဲမှုဆိုင်ရာများကို Consulting နှင့် Corporate Training များကို ကုမ္ပဏီများ၊ NGO, INGO, CBO များကို ဝန်ဆောင်မှုပေးလျက် ရှိနေပါတယ်။
ဒါ့အပြင် Development Studies Association Myanmar တွင် CEC အဖြစ်လည်းကောင်း၊ Myanmar Private TVET Association ၏ Advisory Board တွင် အကြံပေးအဖွဲဝင်တဦးအဖြစ်လည်းကောင်း၊ TVET Development Institute ၏ Steering Committee Member အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသူတစ်ဦးဖြစ်ပါတယ်။
(5) Han Su Kyi - Head of Business Development - ဋီကာ @ DIKA Group (Moderator)
မဟန်စုကြည်ဟာ DIKA Group ၏ Head of Business Development အနေနဲ့ Business Development, Marketing & Communication အပိုင်းတွေကို တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ Fashion shop များနှင့် Mobile industry တွင် စာရင်းကိုင်နှင့် စာရင်းစစ်အတွေ့အကြုံရှိခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ် မှ ၂၀၂၁ ခုနှစ် အထိ KBZ Bank တွင် Banking Operation နှင့် Customer Service လုပ်ငန်းအတွေ့အကြုံများရှိသူ တစ်ဦးလည်းဖြစ်ပါတယ်
၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ် အထိ Integrated Marketing Agency တစ်ခုဖြစ်သော Level Up Marketing Group (LUMG) တွင် Local Business Director နှင့် Regional Manager အဖြစ်လည်းကောင်း Agency Operation management, Business Development ပိုင်းများတွင် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
Account & Auditing, Finance & Banking, Sales & Marketing အတွေ့အကြုံပေါင်း ၁၅ နှစ်ကျော်ဖြင့် Business Development ပိုင်းတွင် ကျွမ်းကျင်စွာလုပ်ကိုင်ပေးနေသူတစ်ဦးဖြစ်ပါတယ်။
SMEs လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ Startups လုပ်ငန်းရှင်များ၊ စီးပွားရေးဘာသာရပ်ကို လေ့လာသော လူငယ်များအတွက် အကျိုး ရှိစေမယ့် Event လေး တစ်ခု ဖြစ်တဲ့အတွက် ပွဲကိုတက်ရောက်ဖို့ အခုပဲ Registration လုပ်ထားလို့ ရပါပြီ။
📌 Registration Link - https://forms.gle/UGjv2wdX8nzGFSPK9
Event အကြောင်းအသေးစိတ်သိရှိဖိုအတွက် Messenger မှာလည်း ‌လာရောက်စုံစမ်းမေးမြန်းနိုင်ပါသလို ဖုန်းအမှတ် - 09977730754 သို့လည်း ဆက်သွယ်မေးမြန်းနိင်ပါတယ်။ 💁
#DIKA #NITI
#EmpoweringResilientSEMs
#Marketing #Financial #HRDevelopment #DIgital
#Entrepreneurship #OwnBusiness


Also check out other Business events in Yangon, Workshops in Yangon, Nonprofit events in Yangon.

interested
Stay in the loop for updates and never miss a thing. Are you interested?
Yes
No

Ticket Info

Tickets for "Empowering Resilient SMEs: Lessons From Industry Leaders (Volume-2)" can be booked here.

Advertisement

Nearby Hotels

UMFCCI-Union of Myanmar Federation of Chambers of Commerce and Industry, No.29, Min Ye Kyaw Zwar Road, Lanmadaw Tsp, Yangon, Burma
Reserve your spot

Host Details

DIKA Consult

DIKA Consult

Are you the host? Claim Event

Advertisement
"Empowering Resilient SMEs: Lessons From Industry Leaders (Volume-2)" , 10 August | Event in Yangon
"Empowering Resilient SMEs: Lessons From Industry Leaders (Volume-2)"
Sun, 10 Aug, 2025 at 09:00 am