Creators' Fair by SheCreates, 23 November | Event in Yangon | AllEvents

Creators' Fair by SheCreates

SheCreates သူမလက်ရာ

Highlights

Sun, 23 Nov, 2025 at 10:00 am

7 hours

Kokkoya Organics

Advertisement

Date & Location

Sun, 23 Nov, 2025 at 10:00 am to 05:00 pm (MMT)

Kokkoya Organics

Bawga (2) Lane, Thingangyun, Yangon, Burma

Save location for easier access

Only get lost while having fun, not on the road!

About the event

Creators' Fair by SheCreates
[English below]

ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ ကျေနပ်စေမယ့် SheCreates Creators' Fair 2025

သူမလက်ရာမှ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ SheCreates Creators' Fair ကို ဒီနှစ်မှာလည်း Community Partners Myanmar - CPM နဲ့ ပူးပေါင်းပြီး Kokkoya Organics Farm မှာ နိုဝင်ဘာလ ၂၃ ရက်(တနဂ်နွေနေ့) မှာ ကျင်းပမှာဖြစ်ပါတယ်။

SheCreates Creators' Fair ကို လာရောက်တဲ့ ဧည့်သည်များအတွက် သာမန်ဈေးဝယ်ခြင်းထက် ပိုမိုတဲ့ အမှတ်တရ ဖန်တီးမှု အတွေ့အကြုံကောင်းတွေကို ရစေဖို့ ဖန်တီးပေးထားပါတယ်။

ပထမဆုံးအနေနဲ့၊ Creator ၃၀ ကျော် ရဲ့ ထူးခြားဆန်းသစ်တဲ့ Art & Craft လက်ရာမျိုးစုံကို စုစည်းထားတဲ့ ဖန်တီးမှုဈေးတန်း ကို တွေ့မြင်ခံစားရမှာဖြစ်ပြီး Woman-led local brand များကို တိုက်ရိုက် ဝယ်ယူအားပေးရင်း အမျိုးသမီးဖန်တီးသူတွေရဲ့ အိပ်မက်တွေကို ပံ့ပိုး ပေးနိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။

ဒါ့အပြင်၊ ကိုယ်တိုင်ပါဝင်ဖန်တီးနိုင်မယ့် အစီအစဉ်တွေကို နှစ်သက်သူတွေအတွက် Creative Workshop မျိုးစုံကိုလည်း စီစဉ်ထားပါတယ်။ "The Maker" (ဖန်တီးသူ) အဖြစ် သင့်ကိုယ်သင် ခံစားရင်း၊ ဆိုင်တိုင်းမှာ ကိုယ်တိုင်ဖန်တီးလို့ရတဲ့ Workshop များနဲ့အတူ တစ်နေကုန် စိတ်အပန်းပြေ ပျော်ရွှင်ရမယ့် Craft Creation Day ဖြစ်စေမှာပါ။

ဒီအရာတွေအပြင် မြို့ပြမွန်းကျပ်မှုတွေကြားက သဘာဝဆန်ပြီး သာယာတဲ့ Kokkoya Organic Farm ရဲ့ စိမ်းလန်းတဲ့ Green Vibe မှာ စိတ်အပန်းဖြေနိုင်ပါသေးတယ်။ သန့်ရှင်းပြီး အရသာရှိတဲ့ အစားအသောက်များ ကိုလည်း ရရှိနိုင်တာကြောင့် မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေများနဲ့အတူ လာရောက်လည်ပတ်ဖို့ အကောင်းဆုံးနေရာလေးတစ်ခုပါပဲရှင်။

သဘာဝပတ်ဝန်ကျင်ကို မထိခိုက်ဖို့ အရေးကြီးလို့ No Plastic အလေ့အကျင့်ကောင်းတွေကို ပူးပေါင်းပါဝင်တဲ့အနေနဲ့ ကိုယ်ပိုင်ရေဘူးနဲ့ ဈေးဝယ်အိတ် သယ်လာဖို့လည်း မမေ့ပါနဲ့နော်။

ထူးခြားဆန်းသစ်တဲ့ လက်ဆောင်ပစ္စည်းတွေ ဝယ်ယူဖို့ပဲဖြစ်ဖြစ်၊ အကျိုးရှိတဲ့ အတွေ့အကြုံတွေ ရယူဖို့ပဲဖြစ်ဖြစ်၊ SheCreates Creators' Fair ဟာ သင့်အတွက် အမှတ်ရစရာ တနင်္ဂနွေနေ့ ဖြစ်စေမှာ သေချာပါတယ်။

ဒါကြောင့် ကိုယ်နဲ့အတူတူ Art & Craft ဖန်တီးချင်တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို Comment မှာ mention လိုက်ပြီး၊ နိုဝင်ဘာ ၂၃ မှာ Kokkoya Farm ကို အရောက်လာခဲ့ဖို့ အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်

- - - - - - - - - -

SheCreates Creators' Fair 2025

SheCreates - သူမလက်ရာ is thrilled to announce our annual SheCreates Creators' Fair! This year, we are partnering with Community Partners Myanmar (CPM) to bring you this vibrant event at the beautiful Kokkoya Organics Farm on Sunday, November 23rd.

This is much more than just a market. We've crafted the SheCreates Creators' Fair to give every visitor a truly memorable and creative experience that goes beyond standard shopping.

Firstly, you'll discover our bustling Creative Market, featuring the innovative works of over 30 Creators. This is your perfect opportunity to browse unique Art & Craft items, directly support fantastic Woman-led local brands, and champion the dreams of talented female creators.

Secondly, for those who love getting hands-on, we have arranged a variety of engaging Creative Workshops. It’s your Craft Creation Day! You can truly feel like "The Maker" as you participate in hands-on activities at many of the stalls, guaranteeing a full day of relaxation and creative fun.

Beyond the crafting, you get to escape the city hustle and enjoy the Green Vibe of the charming, natural Kokkoya Organic Farm. The farm also offers clean and delicious food, making it an ideal spot for a refreshing outing with family, friends, or colleagues.

We care deeply about the environment, so please join our No Plastic initiative! Help us keep the farm green by bringing your own reusable water bottles and shopping bags.

Whether you're looking for unique gifts, valuable hands-on experiences, or just a relaxing day out, the SheCreates Creators' Fair promises to be a Sunday to remember!

So, who are you bringing with you for a day of Art & Craft creation? Tag your friends in the comments and join us for an inspiring day at Kokkoya Farm on November 23rd! We warmly invite you all!


Date: 23rd November, 2025
Time: 10 am to 5 pm
Venue: Kokkoya Organics Farm
https://maps.app.goo.gl/HhuXgXvLK9U8q7Mv8

#SheCreatesCreatorsFair2025
#SheCreates
#သူမလက်ရာ
#CPM
#Kokkoya
#Art&Craft
#woman-led
#localbrand



Also check out other Arts events in Yangon, Craft events in Yangon, Workshops in Yangon.

interested
Stay in the loop for updates and never miss a thing. Are you interested?
Yes
No

Ticket Info

To stay informed about ticket information or to know if tickets are not required, click the 'Notify me' button below.

Advertisement

Event Tags

Nearby Hotels

Kokkoya Organics, Bawga (2) Lane, Thingangyun,Yangon, Burma
Get updates and reminders
Ask AI if this event suits you

Host Details

SheCreates သူမလက်ရာ

SheCreates သူမလက်ရာ

Are you the host? Claim Event

Advertisement
Creators' Fair by SheCreates, 23 November | Event in Yangon | AllEvents
Creators' Fair by SheCreates
Sun, 23 Nov, 2025 at 10:00 am